Posts

Showing posts from October, 2008

What kind of you are!

What kind of you are! အပြင်မှာ ဘာတွေ ဖြစ်နေကြတာလဲ။ စကားတစ်ခွန်း မေးလိုက်မိတယ်။ ဆေးရုံကုတင်က အေးစက်နေတာပဲ။ အဲယားကွန်းကြောင့် နေမှာ။ စိတ်အာရုံ တစ်ခုလုံး ထုံထိုင်းနေတော့ မသိ ၀ိုးတ၀ါး။ ဆရာဝန်။ ။ သက်သာရဲ့လား။ လူနာ။ ။ ဒေါက်တာ .. ကျွန်တော် ဘာဖြစ်နေတာလဲ။ ဆရာဝန်။ ။ နှလုံးရောဂါပါ။ လူနာ။ ။ ကျွန်တော် သေမှာလား ဒေါက်တာ.. ဆရာဝန်။ ။ အတတ် မပြောတတ်ဘူး။ ခင်ဗျားရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်တယ်။ လူနာ။ ။ ကျွန်တော့ကို လာမကြည့်ကြဘူးလား။ မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်သောအသံ ဆရာဝန်။ ။ မကြည့်ကြဘူး။ လူနာ စိတ်ပျက်သွားသည်။ ဆရာဝန်။ ။ မနေ့ကတော့ ခင်ဗျား မေ့နေတုန်း လာကြည့်ကြတယ်လေ။ လူနာ။ ။ ကျွန်တော့ ဇနီး မဟုတ်လား ဟင်.. ဆရာဝန်။ ။ ခင်ဗျား သူငယ်ချင်းပါ။ သူငယ်ချင်းဟောင်းလို့ ပြောတာပဲ။ ဘာဖြစ်လို့လဲ။ လူနာ။ ။ အာ.. အာ.. ဘာမှတော့ မဖြစ်ပါဘူး။ ကျွန်တော် အခု ဆေးရုံက ဆင်းချင်တယ် ရမလား ဒေါက်တာ..။ ဆရာဝန်။ ။ ခင်ဗျား အခြေအနေက တော

အချစ်ဆိုတာ ဘာလဲ

Image
လူ တစ်ယောက်ရဲ့ အချစ်ဆိုဒါ ဘာလဲ အချစ်ဆိုဒါ ပုံစံခွက် တစ်ခုလို ပုံသွင်းပြီး ဖန်တီလို မရပါ ပြောင်းလဲ့လိုလဲ မရပါ ဖန်ဆင်ရ အခက်ခဲဆုံက ပူလေါင်တဲ့ အချစ်ပဲ ဖြစ်သလို အေမြတဲ 528 မေတ္တာရဲ ဆမ်ကျင်ဖက် တစ်ခု အရာရာ ဖန်တီနိုင်ဒါက ရိုသာပြီ ကြိုစားနိုင်ဖို့နှင့် အရာရာ နာလယ်နိုင်ပြီ ခွက်လွန်နိုင်ရမယ် ဘ၀မှာ လူဖြစ်လါရင် သောက ဒုက်ခတွေနဲ ရင်ဆိုင်ရရင် ချမ်းသာ သုခတွေးကို ခံချင်ကြတယ် ပျော်စရာတွေနဲ ရင်မှာ ပြည်နေရင် ငိုစရာတွေကို မေ့နေနိုင်တယ် ချမ်းသာချင်က သုခ ဆင်ရဲချင်က ဒုက်ခ လွမ်စရာရဲ တွဲမီဒါက နာကြည်စရာ ဘ၀မှာ ပျော်စရာတွေကို ရှာချင်ရင် သေားက ဒုက်ခတွေကို မမျှော်လင်ပဲ တွေရနိုင်တယ် လူတွေက ပျောကြတယ် ငွေရှိရင် ဘါမဆိုး ဖြစ်နိုင်တယ်လို ၊ ငွေဆိုဒါ ဘ၀မှာ အရေးကြီး ဆုံဆိုးဒါ မှာတယ်လဲ ထင်နိုင်သလို မှန်တယ်လိုလဲ့ ဆိုနိုင်တယ် ငွေထက် အရေကြီးဒါက ဂှတ်သိန်းခါ၊ ကိုကြင်တရာ ကောင်မွန်ပြီး ရိုသားစွားနှင့် ဖြူစင်စွာ နေတန်းရမယ် သူစိမ်ကို လိုချင်ရင် ကိုစိမ်းနဲနိုင်ရတယ်း ကျေးဇူ မသီရင် နေပါစေ ကျေးဇူ ကန်တဲ သူ မဖြစ်ပါစေ့နဲ ခွက်မတောင်ချင်ရင် နေပါစေ၊ ခွက်ပန်ပြီလို မထင်နဲ ခွက် မလွန်းချင်ရင် နေပါစေ မနာကြည်မီးအောင

ပထမဆုံးများ

ပထမဆုံး တက်တဲ့ ကျောင်း +++++ အ.ထ.က (၄) ပထမဆုံး အငို +++++ အမေပျောက်ခြင်း (လက်စသတ်တော့ အမေက ပျောက်သွားတာ မဟုတ်ဘူး.. ကျွန်တော်က ပျောက်သွားတာလေ.. ဈေးထဲမှာပေါ့) ပထမဆုံး ပျော်ရွှင်မှု +++++ ရှစ်နှစ်တုန်းက မွေးနေ့ပွဲ ပထမဆုံး ရန်ပွဲ +++++ ခြောက်တန်းနှစ် သူငယ်ချင်းတစ်ယောက်နဲ့ လက်သီးချင်း ထိုးကြတာလေ. ပထမဆုံး အလွမ်း +++++ တက္ကသိုလ်တက်မယ်လို့ သင်္ဘောပေါ် ပထမဆုံး တက်ရတုန်းက ပထမဆုံး ရင်ဘတ်နာကျင်မှု +++++ ပထမဆုံး ၀င်တဲ့ အလုပ်ကနေ တလအကြာမှာ ပြုတ်သွားတဲ့ အခါ ပထမဆုံး စိတ်လက်ပေါ့ပါးမှု +++++ ကျောင်းပြီးသွားတဲ့ ရက် ပထမဆုံး လွတ်လပ်သည်ဟု ခံစားရမှု +++++ ဘွဲ့ရသည့်နေ့၏ နောက်တနေ့ ပထမဆုံး မုသား +++++ ပထမတန်း ပထမဆုံး ကြေကွဲမှု +++++ ရန်ကုန်ကို စွန့်ခွာလာတဲ့ ညသန်းခေါင် မတိုင်မီ အဆောင်ထဲက မီးရောင်အောက်မှာ ရပ်နေတုန်းက ပထမဆုံး လေလွင့်မှု +++++ အလုပ် မရှိသော နောက် ပထမဆုံး သူငယ်ချင်း +++++ ပထမတန်းတုန်းက တွဲတဲ့ မုတ်ဆိတ်မွေးနဲ့ သူငယ်ချင်း (အခု ဘယ်ရောက်နေမှန်း မသိဘူး) ပထမဆုံး ရည်းစားစကား ပြောခဲ့ဖူးတာ +++++ သုံးတန်းတုန်းက (မရည်ရွယ်ဘဲ ပါးစပ်က နင့် ငါ ချစ်တယ် လို့ လွှတ်ကနဲ ထွက်သွားတာ သူက ဆရာမကို သွာ